(In Myanmar Language)ကောင်စစ်ဝန်ချုပ်ရုံးမှမြန်မာကျေးလက်ဒေသပြည်သူပြည်သားများသို့ ဆိုလာမီးအိမ်များ လှူဒါန်းပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်းကျင်းပ
2015-01-25 12:00

 

ဇန်န၀ါရီလ(၂၄)ရက်နေ့တွင် မနလေးကောင်စစ်ဝန်ချုပ်ရုံးမှ ကျေးလက်ဒေသပြည်သူပြည်သားများသို့ဆိုလာမီးအိမ်
အလုံး
ပေါင်း(၁၈၀၀)လှူဒါန်းပွဲအခမ်းအနားကိုပြင်ဦးလွင်မြို့နယ်မြို့တော်ခန်းမ၌ကျင်းပခဲ့ရာ ကောင်စစ်ဝန်ချုပ်Mr.Wang Yu၊
မနလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီားန ၀န်ကြီး ဦးကျော်မြင့်၊မနလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယ
ဥက္က
ဦးအောင်ဌေးကျော်တို့နှင့်သပြေကုန်း၊တောင်ကြီး၊သင်္ဂတုံ၊ပင်လိမ်းအရှေ့ပိုင်းနှင့်အလယ်ပိုင်း ကျေးရွာ (၅) ရွာမှ ရွာသူ
ရွာသားပေါင်း(၃၀၀)ကျော် တက်ရောက်ခဲ့ကြ၍ ရွာသူရွာသားကိုယ်စားလှယ်များထံသို့  ဆိုလာမီးအိမ်များပေးအပ်လှူဒါန်းခဲ့
ကြပါသည်။

ဆိုလာမီးအိမ်များလှူဒါန်းခြင်းသည် ကျေးရွာစီးပွားရေးကိုတိုးတက်စေသည်သာမက ကျေးရွာဒေသခံပြည်သူများ၏
လူနေမှုဘ၀ကိုလည်း မြှင့်တင်ပေးနိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး၏လှူဒါန်းမှုကို ကျေးဇူးတင်ရှိကြောင်း ၀န်ကြီး ဦးကျော်မြင့်မှ
အမှာစကားပြောကြားခဲ့ပါသည်။

ယခုဆိုလာမီးအိမ်လက်ခံရရှိသူအများအားဖြင့်သည် တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်
မှပြည်သူများဖြစ်
ကြပါကြောင်း၊၄င်းပိုက်လိုင်းသည် မြန်မာ့စီးပွားရေးတိုးတက်မှုနှင့်စွမ်းအင်ကမှပြည်သူများ၏အကျိုးစီးပွား
အတွက်  အထောက်အကူပြုနိုင်ပါကြောင်း၊ ပိုက်လိုင်းဖြတ်သန်းသွားသည့်ဒေသတွင် တရုတ်ကုမ
ဏီမှ ရေတွင်းတူးပေးခြင်း၊
ကျောင်းဆော
်များဆောက်ပေးခြင်း၊လမ်းများဖောက်ပေးခြင်း၊လျှပ်စစ်မီးဖြန့်ပေးခြင်းများဖြင့်ဒေသခံပြည်သူများကိုလက်တွေ့
ကျကျအကျိုးဖြစ်ထွန်းစေခဲ့ပါကြောင်း  Mr. Wang Yu မှရှင်းလင်းပြောကြားခဲ့ပါသည်။

တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ဆိုလာမီးအိမ်များလှူးဒါန်းမည့်သတင်းကြားသည်နှင့် ရွာသူရွာသားများသည်အားရ၀မ်း
သာဖြစ်မိခဲ့ပါကြောင်း၊ သပြေကုန်းစသည့်ကျေးရွာ(၅)ရွာသည် ဝေးလံသောဒေသဖြစ်၍ မဟာဓာတ်အားလိုင်းမရခဲ့ကြောင်း၊
ယခုအခါ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှလှူးဒါန်းသောဆိုလာမီးအိမ်များအသုံးပြု
ပီး  ဘုရားကိုလျှပ်စစ်မီးဖြင့် ပူဇော်နိုင်တော့
မည်ဖြစ်ကြောင်း၊ ညမှာကလေးသူငယ်များစာသင်လို့ရတော့မည်ဖြစ်ကြောင်း၊ ရွာသူရွာသားများစကားဝိုင်းဖွဲ့လို့လည်းရတော့
မည်ဖြစ်ကြောင်း၊လယ်ယာထွက်ပစ္စည်းများကိုလည်းထုပ်ပိုးနိုင်တော့မည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသ၏စီးပွားရေးနှင့်လူနေ
မှုဘ၀အဆင့်အတန်းကိုမြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ဒေသခံပြည်သူကိုယ်စားလှယ်ဖြစ်သူ ဦးသန်းထွန်းဦးမှ ကျေးဇူးတင်
စကား ပြောကြားခဲ့ပါသည်။