(In Myanmar Language)တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ အထက်မြန်မာပြည်တရုတ်ကျောင်း တရုတ်နှစ်သစ်ကူးအကြို အားကစားပွဲတော် ကြီးမှူးကျင်းပ
2014-12-29 11:10

 

၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှကြီးမှူး၍ ဖူချင့်ကျောင်းမှတာဝန်ယူကျင်းပ
 သော အထက်မြန်မာပြည်တရုတ်ကျောင်းများ တရုတ်နှစ်သစ်ကူးအကြိုအားကစားပွဲတော်ကို ဖူချင့်ကျောင်း၌ခမ်းနားစွာ
ကျင်းပခဲ့ပါသည်။ မန
လေးယူနန်ဘုံကျောင်း၊ ဖူကျန့်ဘုံကျောင်း၊ ကွမ်တုံဘုံကျောင်း၊ နယ်စုံဘုံကျောင်းများမှ လူကြီးများ၊
မန
လေးအင်းဝဆရာအတတ်သင်ကျောင်း၊ကွန်ဖူးရှပ်ကျောင်း၊ငါးပါးသီလကျောင်း၊ MCTA၊ CPEC၊ ဖူချင့်ကျောင်းနှင့် လားရှိုး၊
တာချီလိတ်၊ တောင်ကြီးစသော အထက်မြန်မာပြည်မှ ကျောင်း(၁၂)ကျောင်းနှင့် မန
လေးမြို့ရှိဘုန်းတော်ကြီးစာသင်ကျောင်း
(၈)ကျောင်းမှ ကျောင်းထိုင်ဆရာတော်နှင့်ကျောင်းသူ/သားများ၊ တရုတ်နိုင်ငံမှပညာတော်သင် စသည့် လူဦးရေစုစုပေါင်း
အယောက်(၆၀၀)နီးပါး ပါဝင်တက်ရောက်ခဲ့ကြပါသည်။

 

တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် အထက်မြန်မာပြည်တရုတ်ကျောင်းများအတွက် နှစ်သစ်ကူးအကြိုအားကစားပွဲ
တော်ကို နှစ်စဉ်နှစ်တိုင်း ကြီးမှူးကျင်းပသည်မှာ (၁၅)နှစ်ကြာခဲ့ပြီဖြစ်ပြီး ထိုအားကစားပွဲတော်သည် အထက်မြန်မာပြည်ရှိ
တရုတ်ကျောင်းအချင်းချင်း ချစ်ကြည်ရေးနှင့် ဖလှယ်မှုတိုးမြှင့်ပေးနေပါကြောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများ
ပါဝင်မှုသည် ယခုနှစ်အားကစားပွဲတော်၏ ဂုဏ်ယူဖွယ်ထူးခြားချက်တစ်ရပ်ဖြစ်ကြောင်း၊ တရုတ်ကျောင်းများနှင့်ဘုန်းတော်
ကြီးစာသင်ကျောင်းများအကြားဆက်ဆံမှုနှင့်အပြန်အလှန်ကူညီမှုများသည်အားကစားပွဲတော်အတွက်အားမာန်သစ်တစ်ရပ်
ဖြစ်ကြောင်း၊ကျောင်းသူကျောင်းသားများကျန်းမာရေးအတွက်အားကစားကောင်းကောင်းလုပ်ကြစို့၊စိတ်ချမ်းချမ်းသာသာ
စာသင်ကြစို့၊ နောင်ကာလတွင်မြန်မာနိုင်ငံ ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းကောင်း၊ တရုတ်-မြန်မာချစ်ကြည်ရေး
ဆက်လက်တိုးမြှင့်ပေးရေးအတွက်လည်းကောင်း၊ အရည်အချင်းပြည့်ဝသော လူတော်လူကောင်းများဖြစ်လာရန်မျှော်လင့်
ကြောင်း ဒုတိယကောင်စစ်ဝန်ချုပ် Ms. Jin Yilin မှမိန့်ခွန်းပြောကြားခဲ့ပါသည်။

 

ကျောင်းသူကျောင်းသားများသည် စားပွဲတင်တင်းနစ်၊ ကြက်တောင်ရိုက်၊ အပြေးပြိုင်၊ တစ်ဦးချင်းကြိုးလှည့်ခုန်၊ အဖွဲ့
လိုက်ကြိုးလှည့်ခုန်၊ ဘတ်စ်ကတ်ဘောလုံးဂိုးသွင်း၊ လွန်ဆွဲပြိုင်ပွဲစသည့် ပြိုင်ပွဲ(၈)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲ
ဝင်များသည်အပြိုင်အဆိုင်ယှဉ်ပြိုင်နေကြကာ အားပေးသူများ၏အားပေးသံနှင့် ရယ်မောသံများသည် အားကစားကွင်းတွင်
ပျံ့နှံ့နေ၍ခြိမ့်ခြိမ့်သဲသဲအခြေအနေနှင့် စိတ်ချမ်းသာမှုများရရှိခဲ့ကြပါသည်။ အားကစားပွဲတော်သည် ကျောင်းသူ/သားများ
အတွက် တစ်နှစ်လုံးတွင် အပျော်ဆုံးအချိန်ဖြစ်ကြောင်း ဆရာ၊ဆရာမ များကပြောကြားခဲ့ပါသည်။

 

အားကစားပွဲတော်ပိတ်ပွဲအခမ်းအနား၌ Ms. Jin Yilin မှကောင်စစ်ဝန်ချုပ်ရုံးကိုယ်စား တရုတ်ကျောင်းများနှင့်
ဘုန်းတော်ကြီးစာသင်ကျောင်းတို့ကို အားကစားဆိုင်ရာပစ္စည်းများပေးအပ်လှူဒါန်းခဲ့၍ ကျောင်းသူ/သားများ၏ ဖျော်ဖြေပွဲ
များကို အားပေးကြည့်ရှုခဲ့ပါသည်။