(In Myanmar Language) တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တရုတ်နိုင်ငံသား ၀န်ဆောင်မှုဆိုင်ရာ ပညာပေး ရှင်းလင်းပွဲ CPEC ကျောင်း၌ ပြုလုပ်
2014-12-17 18:50
 

ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ဒုတိယကောင်စစ်ဝန်ချုပ် Ms. Jin Yilinသည် မနလေး
CPEC ကျောင်း၌ တရုတ်နိုင်ငံသား/သူ ဆရာ/ဆရာမ (၅၀)ကျော်အား တရုတ်နိုင်ငံသားဝန်ဆောင်းမှု၊ မြန်မာ့ရိုးရာ ဓလေ့
ထုံးစံများနှင့် စပ်လျဉ်း၍  ပညာပေးရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။

လက်တွေ့ဖြစ်ပေါ်နေသော အဖြစ်အပျက်များကိုရည်ညွှန်း၍    တွေ့ကြုံတတ်သော အခက်အခဲများနှင့် အနရာယ်များ
အကြောင်းကိုဒုတိယကောင်စစ်ဝန်ချုပ် Ms. Jin Yilin သည်ရှင်းလင်းပေးခဲ့ပြီး     မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံသားရသင့်ရ
ထိုက်သောအခွင့်အရေးများကိုကာကွယ်ရန်ကောင်စစ်ဝန်ချုပ်ရုံးမှ  အရေးကြီးတာဝန်တစ်ခုဖြစ်ကာအစွမ်းကုန် ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း၊  အန
ရာယ်ကြုံတွေ့လျှင် စိတ်ငြိမ်ငြိမ်ထားပြီး အဆင်ပြေစွာကိုင်သွယ်  ဖြေရှင်းနိုင်ရန် ကိုယ့်ကိုယ်ကို
ကာကွယ်ရေးဆိုင်ရာ ဗဟုသုတ ပိုမိုနားလည်ရရှိရန် မျှော်လင့်ကြောင်း Ms. Jin Yilin မှပြောကြားခဲ့ပါသည်။

မြန်မာ့ရိုးရာဓလေ့နှင့် ဆောင်ရန်ရှောင်ရန်အချက်များ၊ မြန်မာနိုင်ငံဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများလိုက်နာရန်၊
ဘာသာရေးများကို လေးစားရန်၊ ရောက်ရာနေရာ၏ ရိုးရာဓလေ့အတိုင်းကျင့်သုံးရန်၊ မြန်မာနိုင်ငံပြည်သူပြည်သားများနှင့်
ချစ်ခင်ရင်းနှီးစွာနေထိုင်ရန်၊ မြင့်မြတ်တဲ့အလုပ် အကိုင်တစ်ခုဖြစ်သည့်အလျောက် ဆရာ/ဆရာမများ၏ တာဝန်ကျေပွန်စွာ
ထမ်းဆောင်ရန်၊ ပြည်သူ့ဆက်ဆံရေး သံတမန်များ ဖြစ်စေရန်၊ တရုတ်နိုင်ငံကောင်းမွန်သော သရုပ်ပြ နှင့် တရုတ်-မြန်မာ
ချစ်ကြည်ရေးကို တိုးမြှင့်ပေးရန်မျှော်လင့်ကြောင်း Ms. Jin Yilin ကသွန်သင်ဆုံးမခဲ့ပါသည်။

Ms. Jin Yilin သည် ဆရာ/ ဆရာမများနှင့်အတူ တရုတ်ယဉ်ကျေးမှု၊ စာပေသင်ကြားမှု၊ မနလေးတွင် နေထိုင်မှုနှင့်
စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ရာ မေးခွန်းများကိုလည်း ဖြေကြားခဲ့ပါသည်။